ခန္တီးမြို့နယ်၌ နွေရာသီအင်္ဂလိပ်စာအခြေခံ (Grammar) သင်တန်းဖွင့်လှစ်
Mar 05,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ အသိညာပေးလုပ်ငန်းများစွာဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က နွေရာသီအင်္ဂလိပ်စာအခြေခံ (Grammar) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ခန္တီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။