တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ၌ စားသုံးရန်မသင့်သော အသားချောင်းများ ရောင်းချခြင်းမရှိစေရေး အသိပညာပေးနှိုးဆော်
Mar 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ၌ စျေးရောင်းချနေသော စျေးသူ/သားများအနေဖြင့် စားသုံးရန်မသင့်သော အသားချောင်းများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး စျေးကွက်အတွင်း ရောင်းချခြင်း မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်း၍ စားသုံးရန်မသင့်သည့် အသားချောင်းများနှင့် ပတ်သက်၍ အသိပညာပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။