ပေါင်မြို့နယ်၌ အခြေခံရှေးဦးပြုခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ ပြုလုပ်
Mar 05,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အခြေခံရှေးဦးပြုခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ( ၅ ) နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ပြုလုပ်ခဲ့သည်။ရှေးဦးစွာ ပြည်နယ်ကြက်ခြေနီ သူနာပြုပြည်နယ်တပ်ဖွဲ့မှူး ဦးကျော်မြင့်က ရှေးဦးပြုစုခြင်း ဘာသာရပ်ဆိုတာ ယခင်က တစ်အိမ်လျှင် တစ်ယောက်တတ်မြောက်ထားရမည် ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် လူတိုင်း တတ်မြောက်ရမည်ဖြစ်သည့်အတွက် လူတိုင်း တတ်မြောက်အောင် သင်ကြားကြဖို့ လိုအပ်ပါကြောင်း အမှာစကား ပြောကြားသည်။