ခန္တီး မတ် ၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ အသိညာပေးလုပ်ငန်းများစွာဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က နွေရာသီအင်္ဂလိပ်စာအခြေခံ (Grammar) သင်တန်းဖွင့်ပွဲအခမ်းအနားကို ခန္တီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နန်းအေးခိုင်က နွေရာသီကျောင်းပိတ်ကာလတွင် ကျောင်းသား/သူလေးများအား အချိန်ကို အကျိုးရှိစွာအသုံးပြုတတ်စေရန်၊ အင်္ဂလိပ်စာအခြေခံ (Grammar) သင်ကြားခြင်းဖြင့် အင်္ဂလိပ်စာစွမ်းရည်များ တိုးတက်ပြီး ကျောင်းသင်ခန်းစာများတွင်လည်း အထောက်အကူပြုစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး သင်ကြားပို့ချမည့် အထက်တန်းပြဆရာမ ဒေါ်မိုးမိုးစံက တက်ရောက်ကြ မည့် သင်တန်းသား/သူလေးများအား အမှာစကားပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ခန္တီးမြို့ပေါ်ရပ်ကွက်များမှ ကျောင်းသား/သူ(၃၀)ဦး တက်ရောက် ကြမည်ဖြစ်ပြီး သင်တန်းချိန်မှာ မွန်းလွဲ(၂) နာရီမှ ညနေ(၄)နာရီထိ သင်ကြားပေးမည်ဖြစ်ကာ သင်တန်းကာလမှာ(၄-၃-၂၀၂၄) ရက်နေ့မှ (၃၀-၃-၂၀၂၄)ထိ (၂၇)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)