ဟင်္သာတမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာန အထူးဆေးကုသရေးအဖွဲ့မှ ဒုတိယအကြိမ် အခမဲ့ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ပေး
Mar 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် အထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံကာ လိုအပ်သောရောဂါရှာဖွေစမ်းသပ်မှုများနှင့် ကုသမှုများကို မိမိတို့ဒေသ၌ပင် ရောဂါများကို စောစီးစွာသိရှိပြီး လိုအပ်သောကုသမှုများကို အချိန်မီရရှိခြင်းဖြင့် သက်ရှည် ကျန်းမာစေနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးခိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်းတို့ ဦးဆောင်သည့် ရန်ကုန်တိုင်းဒေသကြီးမှ ပါမောက္ခ / အထူးကုဆရာဝန်ကြီးများ ပါဝင်သော အထူးကုဆေးကုသရေးအဖွဲ့များသည် ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးတွင် မတ်လ (၂) ရက်နေ့နှင့် (၃) ရက်နေ့တို့တွင် ဒုတိယအကြိမ် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက် ပေးခဲ့ကြသည်။