သတင်းများ

မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခြေခံစာစီစာကုံးရေးနည်း(အခမဲ့) သင်တန်း ဆက်လက်သင်ကြားပို့ချ
Mar 05,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံစာစီစာကုံးရေးနည်းသင်တန်းကို  ယမန်နေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဒုတိယနေ့ဆက်လက်သင်ကြားကြောင်း သိရသည်။
တနင်္သာရီမြို့နယ် ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသူ/သား (၁၁၀)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 05,2024
ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ၂၀၂၄ခုနှစ်၊ မတ်လ (၁၁ရက်မှ၁၉ရက်နေ့)အထိ ကျင်းပပြုလုပ်မည့် ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကြီး၌ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်-အ.ထ.က-တနင်္သာရီ စာစစ်ဌာနတစ်ခုတည်းဖြင့် စာမေးပွဲကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
မြို့သစ်မြို့တွင် လျှပ်စစ်ဓာတ်အားလိုင်းကြံ့ခိုင်မှုရှိစေရန် စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်း ဆောင်ရွက်
Mar 05,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများသည် သဘာ၀ဘေးဒဏ်များကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရန် ပွင့်လင်းရာသီကာလတွင် ကြိုတင်ကာကွယ်စစ်ဆေးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး
Mar 05,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းစံမြို့ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီရောင်းချနေမှုများအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်
Mar 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ စက်သုံးဆီအရောင်းဆိုင်များအတွင်း စက်သုံးဆီပြတ်လတ်မှုမရှိစေရေးနှင့် ဓာတ်ဆီ၊ စက်ဆီ စျေးနှုန်းများ ပုံမှန်ရောင်းချနေမှုရှိ၊ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Mar 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက အ.ထ.က-ခွဲ(လ-၂)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်
Mar 05,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်လျော့နည်းစေရန်နှင့် ကလေးအလုပ်သမား၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉:၀၀)နာရီအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြသခဲ့သည်။