ဘားအံ မတ် ၅
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/ကျောင်းသူများ အခြေခံအင်္ဂလိပ်စာနားလည် တတ်မြောက်စေရန်အတွက် နွေရာသီ အင်္ဂလိပ်စာအခြေခံ Grammar သင်တန်း (၁/၂၀၂၄)ကို လူထု အခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အင်္ဂလိပ်စာ အခြေခံ (Grammar) သင်တန်းတွင် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင် ဆရာမ ဒေါ်မာလာထွန်းအုန်းနှင့် ဆရာဦးစောအောင်ဘတို့က Listening၊ Speaking၊ Reading Writing Four Skills စသည့် အခြေခံအင်္ဂလိပ်စာများနှင့် ပတ်သက်၍ ကျောင်းသား၊ကျောင်းသူများ တတ်မြောက်စေရန်အတွက် မတ်လ (၁) ရက်နေ့မှ မတ်လ (၂၈) ရက်နေ့ အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် ကျောင်းသား/ကျောင်းသူ (၃၅)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)