မိုင်းတုံမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် ဘိုးဘွား (၅၂) ဦးအား လူမှုရေးပင်စင်ထောက်ပံ့

မိုင်းတုံ မတ် ၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်အထက် ဘိုးဘွား (၅၂) ဦးအား ယမန်နေ့ နံနက်ပိုင်းက လူမှုရေးပင်စင်ထောက်ပံ့ပေးခဲ့သည်။

ယင်းလူမှု‌ရေးပင်စင်ထောက်ပံ့ငွေကို မြို့နယ်လူမှုဝန်ထမ်းဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းကာ ဘိုးဘွား (၅၂) ဦးတို့၏ နေအိမ်လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိသည်။ အဆိုပါ ထောက်‌ပံ့ငွေသည်  လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်လလျှင် ဘိုးဘွားတစ်ဦးကို လူမှုရေးပင်စင် (၁၀၀၀ဝိ) ကျပ်နှုန်းဖြင့် သုံးလလျှင် တစ်ကြိမ် ဘိုးဘွားများထံသို့အရောက် ထောက်ပံ့ပေးခြင်းဖြစ်သည်။ ယင်ထောက်ပံ့ပေးမှုမှာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလအတွက် စုစုပေါင်းထောက်ပံ့ငွေ (၁၅၆၀၀၀ဝိ) ကျပ်မှာ တတိယအကြိမ်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီး ဌာနရှိ မြို့နယ်ဦးစီးမှူးထံမှ သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)