ရွှေသောင်ယံမြို့တွင် အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွားများအား ထောက်ပံ့ငွေများ ပေးအပ်

ရွှေသောင်ယံ မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် အသက်(၈၅)နှစ်အထက်အဘိုး၊အဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေ (၃၀၀၀၀)ကျပ်စီကို ယမန်နေ့ နံနက်ပိုင်းက ပေးအပ်ခဲ့ရာ ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးများမှ တစ်အိမ်တက်ဆင်း လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂)နှစ်အောက် ကလေးငယ်များအတွက်လည်း နိုင်ငံတော်မှ ထောက်ပံ့ငွေ အသီးသီးကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ တာဝန်ရှိသူများမှ ရွှေသောင်ယံမြို့ ရပ်ကွက် (၁၊၂၊၃)နှင့် သဲကုန်းကျေးရွာအုပ်စု၊ သပေါ့ကန်ကျေးရွာ  အုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွားများ၊  ကိုယ်ဝန်ဆောင်မိခင်များ၊ (၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်ရာ ငွေလက်ခံရရှိသူများမှ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)