လွိုင်လင် မတ် ၆
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူများ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများသည် ယနေ့နံနက် (၁၀)နာရီက လွိုင်လင်မြို့ အ.ထ.က(၂) စာစစ်ဌာနတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြရာတွင် ရှေးဦးစွာ မီးငြှိမ်းသတ်မှု သရုပ်ပြသပြီးနောက် စာဖြေခန်း၊ အရန်စာဖြေခန်း၊ ကျန်းမာရေးစောင့်ရှောက်ပေးမည့် အခန်း၊ ကြီးကြပ်ဆရာ/ဆရာမများအခန်းနှင့် ကျောင်းဝင်းအတွင်းရှိ အဆောင်အသီးသီးတို့အား စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးခလုတ်များ ကောင်း/မကောင်းတို့ကို ကြည့်ရှုစစ်ဆေးပြီးနောက် တာဝန်ရှိသူ ဆရာ/ဆရာမများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး(ခရိုင်၊ ပြန်/ဆက်)