တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အ.ထ.က ကျေးသီးစာစစ်ဌာန၌ မီးဘေးလုံခြုံစေရန်အတွက် တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး

ကျေးသီး မတ် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စီစဉ်ထားရှိသော အ.ထ.က ကျေးသီးစာစစ်ဌာန၌ မီးဘေးလုံခြုံစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထူးထက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလူလှ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမြင့်ဝင်းကြိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထူးထက်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးချိပ်၊ မီးကတ်၊ မီးသတ်ဆေးဘူးများ ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ရေရရှိရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပေါ်စေနိုင်သော မီးပလပ်ခုံများ၊ မီးခုံများအား ခံနိုင်ဝန်ထက် ပိုမိုသုံးစွဲခြင်းမပြုရန်နှင့် မီးပြတ်သွားပါက မီးပြန်လည်ရရှိရေးအတွက် အရေးပေါ်မီးစက်ကြိုတင်ပြင်ဆင်ထားရှိမှုများအား စစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများထံ မှာကြားခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံတစ်ဝန်း မတ် ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရကာ ကျေးသီးမြို့နယ်တွင် ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၂ ဦးရှိကြောင်း ကျေးသီးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)