စကုမြို့တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပွဲများ ကျင်းပ

မင်းဘူး ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့ တောင်ရပ် အ.ထ.က (ခွဲ) ကျောင်း၌ (၇၉)နှစ်မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲ၊ စာအုပ်ပြပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်က သဘာဝ ဘေးအန္တရာယ်ဆိုင်များ အသိပညာပေး ဟောပြောပြီး၊ ကျွမ်းကျင်(၃) ရုပ်သံ ဒေါ်မြတ်မြတ်မော်က အာဇာနည်နေ့အကြောင်း သိကောင်းစရာများ၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ၊ အာဇာနည်ခေါင်ဆောင်ကြီးများကို သတိရလွမ်းဆွတ်မိစေရန်၊ အာဇာနည်ခေါင်ဆောင်ကြီးများအား အတုယူအားကြစေရန်နှင့် စာအုပ်စာပေဖတ်ရှုခြင်းမှ ရရှိမည့်အကျိုးကျေးဇူးများအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာပေများကို တောင်ရပ် အ.ထ.က (ခွဲ) ကျောင်းမှ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)