သဲကုန်း ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်(၉) နာရီအချိန်က အခြေခံ (Artificial Intelligence (Al)နည်းပညာအသုံးပြုနည်း သင်တန်းဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက ယနေ့ခေတ် ကျောင်းသား/ ကျောင်းသူ လူငယ်၊လူရွယ်များအား AI ၏ အခြေခံသဘောတရား၊ social media များတွင်AI ခေတ်စားလာပုံ၊ အမျိုးအစားနှင့် အရေးပါသောနည်းပညာများ၊ ပညာရေးနယ်ပယ်များတွင် AI နည်းပညာများကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းနည်းပြအဖြစ် ကျွမ်းကျင်-၂ဓာတ်ပုံ(အင်အားပြ) ဦးဝေယံကျော်က သင်တန်းနည်းပြအဖြစ်ဆောင်ရွက်ပြီး ကျောင်းသား/ ကျောင်းသူ(၁၁) ဦးအား AI Tools များဖြစ်သော Chat GPT၊ Google gemini appများကို အသုံးပြု၍ မိမိတို့၏ ပညာရေးနယ်ပယ်များတွင် (Al)နည်းပညာများကိုစနစ်တကျ အကျိုးရှိစွာ အသုံးချတက်စေရန် ရည်ရွယ်၍ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။
ကိုကျော် (သဲကုန်း)