သာယာဝတီ ဇူလိုင် ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်အား ယနေ့နံနက်ပိုင်းက သာယာဝတီမြို့မဈေးကြီး၌ ဖွင့်လှစ် ရောင်းချလျက်ရှိရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။
သာယာဝတီမြို့ မဈေးကြီး၌ ဒေသခံပြည်သူများ ဆန်၊ ဆီ၊ အသားငါး ကြက်ဥ၊ ဟင်းသီးဟင်းရွက်များကို သန့်ရှင်းလတ်ဆတ်ပြီးဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး ပဲခူးတိုင်းဒေသကြီးးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်လမ်းညွှန်မှုဖြင့် အပတ်စဉ် အင်္ဂါနေ့နှင့် စနေနေ့တို့တွင် နေ့စဉ် နံနက် ၈ နာရီမှ ၁၀ နာရီအထိ ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်နေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုတို့က ကြည့်ရှုအားပေးခဲ့ကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)