မုံရွာမြို့၌ ယာဥ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးဆောင်ရွက်
Aug 16,2025
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ဦးဆောင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မုံရွာမြို့ပေါ်အတွင်းလမ်းသွားလမ်းလာကြသော ပြည်သူများအတွက် ယာဥ်အန္တရာယ်လမ်းအန္တရာယ် ကင်းရှင်းစေးရေးအတွက် ရည်ရွယ်ပြီး ယာဥ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းများတဆကို ယမန်နေ့မွန်းလွဲပိုင်းက မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းရှိ စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရုံးရှေ့တွင် ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။