ပေါင်မြို့နယ် သစ်တောဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ရေသယံဇာတထိန်းသိမ်းရေးနှင့် ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပေါင် မေ ၁၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ် သစ်တောဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ရေသယံဇာတထိန်းသိမ်းရေးနှင့် ရေချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အလှပ်ကျေးရွာအုပ်စု၊ ဆယ်အိမ်စုရပ်ကွက်၊ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးနှင့်ဝန်ထမ်းများ၊ ကျေးရွားသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးက ရေသယံဇာတထိန်းသိမ်းရေးနှင့် ရေချွေတာသုံးစွဲရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် ရွာသူ၊ ရွာသားများက သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြား‌ပေးခဲ့သည်။

ထို့နောက် ရေသယံဇာတထိန်းသိမ်းရေးနှင့် ရေချွေတာသုံးစွဲရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)