ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်များပြုလုပ်
May 16,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် စိတ်ဓာတ်ရေးရာ တိုးတက်ကောင်းမွန်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့ မွန်းလွဲ (၁)နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။