အောင်ပန်း-အင်းလေးကန်ကြားရှိ ရေဝေရေလဲတောင်ကုန်းတောင်တန်းများတွင် သစ်တောစိုက်ပျိုးပြုစုထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပ
May 24,2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊ငုံးသုံကျေးရွာနှင့် ဘော်နင်းကျေးရွာအုပ်စု ၊ညောင်ကုန်းကျေးရွာတို့ရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ယမန်နေ့မွန်းလွဲ ၂ နာရီခန့်အချိန်တွင် အောင်ပန်း-အင်းလေးကန်ကြားရှိ ရေဝေရေလဲ တောင်ကုန်းတောင်တန်းများတွင်သစ်တောစိုက်ပျိုးပြုစုထိန်းသိမ်းရေးအတွက် ရည်ရွယ်၍ အသိပညာပေးဆွေးနွေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ကလောမြို့နယ်၊ ငုံးသုံကျေးရွာ၊ သိရီမင်္ဂလာအောင် ဇမ္ဗူဒီပအေးဓမ္မာရုံကျောင်းတိုက်တွင် နေပြည်တော်သစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ သောင်းနိုင်ဦးက သစ်တောများမှ ပံ့ပိုးပေးနေသော အကျိုးကျေးဇူးအကြောင်း၊ သစ်တောသစ်ပင်များစိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူး နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် ဒေသခံပြည်သူများအနေဖြင့် ပူးပေါင်း ပါဝင်ထိန်းသိမ်းကြစေလိုကြောင်း ဆွေးနွေးဟောပြောခဲ့သည်။