လေရှီးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီ၊ ကာတွန်းနှင့်ပိုစတာပြိုင်ပွဲများကျင်းပ

လေရှီး မေ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ အထကကျောင်း၊ သပြေဆောင်၌ ယနေ့ညနေ (၃) နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် အထက-လေရှီးကျောင်းမှ ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ကြရာ ကာတွန်းပြိုင်ပွဲတွင် ကျောင်းသား/သူ (၈) ဦး၊ ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/သူ (၁၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုသို့ပြိုင်ပွဲများ ကျင်းပဆောင်ရွက်နေမှုကို လေရှီးမြို့နယ်အမှတ်(၁) တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဒေါ်ဆန်းစစ်ရှီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညွယ်သီးချယ်နှင့်အဖွဲ့ဝင်များက သွားရောက်အားပေးကြည့်ရှုခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/သူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နေ့ အခမ်းအနားတွင် ပြိုင်ပွဲအမျိုးအစားအလိုက် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)