လောင်းလုံး မေ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီအချိန်က ရက်(၁၀၀)စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးသော တောင်သူများအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း နည်းပညာပေးသင်တန်းကို ထားဝယ်ခရိုင် ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ တောင်သူ ၄၅ ဦးတက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဟိန်းထက်ပိုင်က မျိုးစေ့ချကိရိယာအသုံးပြု၍ စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ သီးနှံအထွက်နှုန်းမထိခိုက်စေသည့် ဓာတ်မြေဩဇာလျှော့ချသုံးစွဲနိုင်သော နည်းလမ်းများအား ရှင်းလင်းဆွေးနွေးခဲ့၍ တက်ရောက်လာကြသည့် တောင်သူများမှများ သိရှိလိုသည်များကိုဆွေးနွေးကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)