သတင်းများ

အင်းစိန်မြို့နယ်၌ထူးခြားစုံပေဖန်ခါးမြေ စာအုပ်မိတ်ဆက်ပွဲကျင်းပ
May 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာကြီးဒေါက်တာ မြင့်ခိုင်ရေးသားသည့် ထူးခြားစုံပေဖန်ခါးမြေ စာအုပ်မိတ်ဆက်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်သို့ သန်လျင်ပြည်သူ့‌ဆေးရုံကြီးမှ    အထူးကုဆရာဝန်ကြီးများနှင့် အဖွဲ့ (အခမဲ့) ကွင်းဆင်း‌ဆေးကုသပေး
May 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်နေသော “ မရှိ၍ မလင်းသူ မရှိစေရ ”အစီအစဉ်ဖြင့် အမြင်အာရုံအားနည်းသူများကို စမ်းသပ်ကုသပေးခြင်းနှင့် ပြည်သူ့ဆေးရုံကြီး၊ သန်လျင်မြို့၊ အထူးကု ဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်းဆေးကုသခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းမှစ၍  ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်မြို့နယ်၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 24,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၌ မြို့နယ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ(၂၀)ရက်နေ့နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာ အထက်တန်းကျောင်း၊ ဗိုလ်စကားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ဓာတ်ဆုံးစေတီတော် ဘက်စုံပြုပြင်မွမ်းမံပြင်ဆင်ခြင်း ကုသိုလ်မင်္ဂလာနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း ရေစက်ချအလှူ မင်္ဂလာအခမ်းအနားတက်ရောက်၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှု
May 24,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ဓာတ်ဆုံးစေတီတော်အား ဘက်စုံပြုပြင်မွမ်းမံပြင်ဆင်ခြင်း ကုသိုလ်မင်္ဂလာနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း ရေစက်ချ အလှူမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်ရင်ပြင်၌ကျင်းပရာ သံဃာတော်အရှင်သူမြတ်များ၊ ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အလုံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ
May 24,2025
 ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့နံနက်မှစ၍ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း သဇင်ခန်းမတွင် ကျင်းပခဲ့သည်။
စေတုတ္တရာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အထိမ်းအမှတ်အခမ်းအနားကျင်းပ
May 24,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်​၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းအပ်နှံရေးသီတင်းပတ်အထိမ်းအမှတ်အခမ်းအနား”ကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၂)ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်း(စေတုတ္တရာ)တွင် ကျင်းပခဲ့သည်။
အောင်ပန်း-အင်းလေးကန်ကြားရှိ ရေဝေရေလဲတောင်ကုန်းတောင်တန်းများတွင် သစ်တောစိုက်ပျိုးပြုစုထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပ
May 24,2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ဝင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊ငုံးသုံကျေးရွာနှင့်‌ ဘော်နင်းကျေးရွာအုပ်စု ၊ညောင်ကုန်းကျေးရွာတို့ရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ယမန်နေ့မွန်းလွဲ ၂ နာရီခန့်အချိန်တွင် အောင်ပန်း-အင်းလေးကန်ကြားရှိ ရေဝေရေလဲ တောင်ကုန်းတောင်တန်းများတွင်သစ်တောစိုက်ပျိုးပြုစုထိန်းသိမ်းရေးအတွက် ရည်ရွယ်၍ အသိပညာပေးဆွေးနွေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ က‌လောမြို့နယ်၊ ငုံးသုံကျေးရွာ၊ သိရီမင်္ဂလာအောင် ဇမ္ဗူဒီပ‌အေးဓမ္မာရုံကျောင်းတိုက်တွင် နေပြည်တော်သစ်တော ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ သောင်းနိုင်ဦးက သစ်တောများမှ ပံ့ပိုးပေးနေသော အကျိုးကျေးဇူးအကြောင်း၊ သစ်တောသစ်ပင်များစိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေး‌ဇူး နှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို‌ပြည်စေရေးအတွက် ဒေသခံပြည်သူများအနေဖြင့် ပူးပေါင်း ပါဝင်ထိန်းသိမ်းကြ‌စေလိုကြောင်း ဆွေးနွေးဟောပြောခဲ့သည်။
လှည်းကူးမြို့နယ်၌ ၂ဝ၂၅ - ၂ဝ၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
May 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)၌ ၂ဝ၂၅ - ၂ဝ၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းရှိ အောင်ဆန်းခန်းမတွင်ကျင်ပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကေသီခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးမိသူနှင့် အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြသည်။