သတင်းများ

မောက်မယ်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 16,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အများပြည်သူများ၏ အခြေခံ လိုအပ်ချက်အရရှေးရှု၍ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၁ နာရီတွင် ဟိုနမ့်ကျေးရွာအုပ်စု စျေးကုန်းကျေးရွာ ခန်းမဆောင်တွင်ကျင်းပကြောင်း သိရသည်။
လေရှီးမြို့၌ ‌လူရည်ချွန်မောင်မယ်များအား ကြိုဆိုဂုဏ်ပြု
May 16,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် လူရည်ချွန်အပန်း‌ဖြေစခန်းမှပြန်လာသော လေရှီးမြို့ကိုယ်စားပြုဗဟိုအဆင့် လူရည်ချွန် Grade- 11 (A)မှ မောင်ရှူ‌သောမူ နှင့် မအေးငြိမ့်ငြိမ့်စံတို့အား ယနေ့မွန်းလွဲ (၃) နာရီခွဲအချိန်က မြို့နယ်ပညာ‌ရေးမှူးရုံးအရှေ့တွင် လေရှီးမြို့နယ် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဒေါ်ဆန်းစစ်ရှီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညွယ်သီးချယ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်း‌ဆရာ/မများ၊ ကျောင်းသား/သူများ၊ မိဘများက ပန်းစည်း၊ ပန်းကုံးများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။
တာမွေမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
May 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်လဝကမှူး ဦးမြတ်သူထွန်းနှင့် သက်ဆိုင်ရာဝန်ထမ်းများက မအူကုန်းရပ်ကွက်အတွင်း နေထိုင်ကြသော ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများကို နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးပေး
May 16,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများကို ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို တစ်နှစ်လုံး ၁၀၀ ကျပ် အတိုးနှုန်းငါးရာခိုင်နှုန်းဖြင့် သီးနှံ‌ပေါ်ချိန်တွင်ချေးငွေများ ပြန်လည်ပေးဆပ်ရန် စည်းကမ်းချက်နှင့်အညီ ထုတ်‌ချေးပေးခြင်းကို မေ ၁၅ ရက်နေ့မှစတင်၍ စက်တင်ဘာလကုန်အထိ အဆိုပါဘဏ်ခွဲ၌ တစ်မြို့နယ်လုံးအတွက် ထုတ်ချေး‌ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ကြံခင်းမြို့ရှိ စတိုးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် အစိုးရအခွန်တံဆိပ်အတုအသုံးပြု၍ ဆေးလိပ်အတု တရားမဝင် တင်သွင်းရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
May 16,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ရှိ ရပ်ကွက်နှင့်ဈေးများတွင် အစိုးရအခွန် တံဆိပ်အတုပြု၍ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော အရည်အသွေးမြင့် ဆေးလိပ်အတုထုတ်ကုန်များ ဖြန့်ဖြူးတင်းသွင်းရောင်းချမှု ရှိ/မရှိအား ယမန်နေ့မွန်းလွဲပိုင်းက ဈေးကွက်စောင့်ကြည့်စစ်ဆေးရေး အဖွဲ့များက ကွင်းဆင်းစစ်ဆေးသည်။
တာမွေမြို့နယ်၌ နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
May 16,2026
မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ရန်ကုန်တိုင်း)တို့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် သာသနာနုဂ္ဂဟအသင်းတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်‌‌သော နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ထန်းတပင်မြို့နယ်၌ ဒေသအတွင်း စိမ်းလန်းစိုပြည်ရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုး
May 16,2026
ပဲခူးတိုင်းဒေသကြီးး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် သစ်တောသစ်ပင်များ သစ်တော ဂေဟစနစ်များ စဥ်ဆက်မပျက်တည်တံ့ရေး သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ ကောင်းမွန်ရေး သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်းလန်းစိုပြည်ရေးကို အထောက်အကူ ပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တစ်ဖက်တစ်လှမ်းမှ ကာကွယ်နိုင်ရန်နှင့် ဒေသအတွင်း စိမ်းလန်းစိုပြေရေးအတွက် ရည်ရွယ်၍ ထန်းတပင်-ဇရပ်ကြီးသွားသည့် မြို့အဝင် ဆိုင်းဘုတ်အနီး လမ်းဘေးတွင် ယနေ့နံနက် ၆ နာရီခွဲအချိန်က စုပေါင်းသစ်ပင် စိုက်ပျိုးခဲ့သည်။
ဘားအံမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
May 16,2026
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးများစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ လူငယ်ရေးရာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့တို့ ပူးပေါင်း၍ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ အသိပညာဗဟုသုတရရှိစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ခြံကလေးကျောင်း လမ်းပြကြယ် လူငယ်ရိပ်သာတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။