မိုင်းဖြတ်မြို့နယ်၌ ဖိုင်ကန်ရေလွှဲဆည် ဆောင်ရွက်ပြီးစီးမှူးအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုင်းဖြတ် ဇူလိုင် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစိုင်းဟွမ်နွဲ့နှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ရက်(၁၀၀)စီမံကိန်းဖြင့် နမ့်လန်း‌ကျေးရွာအုပ်စု၊ နမ့်ဖတ်ချောင်းပေါ်တွင်အကောင်အထည် ဖော်ဆောင်ရွက်သည့် ဖိုင်ကန်ရေလွှဲဆည်ပြီးစီးမှူးအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစိုင်းဟွမ်နွဲ့နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းနှင့်  လွှတ်‌တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့် အဖွဲ့ဝင်များသည်။ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၉၈.၀၀၀)သန်းဖြင့်‌ဆောင်ရွက်သည့် ကျောက်ရိုးစီကွန်ကရစ်‌ရေလွှဲဆည်ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းပြီးစီး မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)