ပြင်ဦးလွင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကျင်းပ
Jul 18,2026
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြင်ဦးလွင်မြို့၊ အင်းယားကျေးရွာအုပ်စု၊ ကြီးကိုင်ကျေးရွာ အောင်မင်္ဂလာကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြီးကိုင်ကျေးရွာ၊ အင်းယားကျေးရွာနှင့် အင်းထိပ်ဦးကျေးရွာမှ ဒေသခံပြည်သူများ တက်ရောက်ကြသည်။