ကျောက်ဆည်မြို့နယ် ကျေးရွာအုပ်စုများ၌ သီးနှံမျိုးစုံ ၁၆၃၈ ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည် ဇူလိုင် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တိုက်နယ် (၁၁) အတွင်းရှိ ကျေးရွာအုပ်စုများ၌ ဇူလိုင် ၁၅ ရက်နေ့တွင် မိုးသီးနှံမျိုးစုံ ၁၆၃၈ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း  မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

တိုက်နယ် (၁၁) နယ်တွင် ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခါးတက္ကုန်းကျေးရွာအုပ်စု ၆ အုပ်စု ပါဝင်ပြီး ဟံမြင့်မိုရ်ကျေးရွာအုပ်စု၌ နနွင်း ၃ ဧက၊ နေကြာ ၅ ဧက၊ ငှက်ပျော ၁၂ ဧက၊ သရက် ၃၈ ဧက၊ သပြေ ၄ ဧက၊ ကျွဲနွားစာ ၃ ဧက၊ ဟင်းသီဟင်းရွက် ၄ ဧက၊ အခြားပဲ ၆ ဧက၊ လယ်ကြီးကျေးရွာအုပ်စု၌ နနွင်း ၅ ဧက၊ နေကြာ ၅ ဧက၊ ငှက်ပျော ၉၉ ဧက၊ သရက် ၅၂ ဧက၊ သပြေ ၆ ဧက၊ ကျွဲနွားစာ ၁၅ ဧက၊ ဟင်းသီးဟင်းရွက် ၇ ဧက၊ အခြားပဲ ၈ ဧက၊ ပုန်းညက်ကျေး ကျေးရွာအုပ်စု၌ နနွင်း ၂၀ ဧက၊ နေကြာ ၆ ဧက၊ ငှက်ပျော ၁၇၆ ဧက၊ သရက် ၄၃၂ ဧက၊ သပြေ ၂၆ ဧက၊ ကျွဲနွားစာ ၁၂ ဧက၊ ဟင်းသီးဟင်းရွက် ၈ ဧက၊ အခြားပဲ ၁၄ ဧက၊ ကျားကာ ကျေးရွာအုပ်စု၌ နနွင်း ၃၀ ဧက၊ ငှက်ပျော ၃၉ ဧက၊ သရက် ၁၈ ဧက၊ သပြေ ၁၀ ဧက၊ ကျွဲနွားစာ ၁၄ ဧက၊ ဟင်းသီးဟင်းရွက် ၁၁ ဧက၊ အခြားပဲ ၁၂ ဧက၊ သံရွာကျေးရွာအုပ်စု၌ နနွင်း ၅၀ ဧက၊ နှံစားပြောင်း ၄၉ ဧက၊ နှမ်း ၅၉ ဧက၊ နေကြာ ၁၅ ဧက၊ ငှက်ပျော ၆၈ ဧက၊ သရက် ၃၁ ဧက၊ သပြေ ၉၅ ဧက၊ ကျွဲနွားစာ ၁၆ ဧက၊ ဟင်းသီးဟင်းရွက် ၂၆ ဧက၊ အခြားပဲ ၃၆ ဧက၊ ခါးတက္ကုန်းကျေးရွာအုပ်စု၌ နနွင်း ၃၀ ဧက၊ နှမ်း ၁၈ ဧက၊ ငှက်ပျော ၅ ဧက၊ သရက် ၁ ဧက၊ သပြေ ၁၂ ဧက၊ ကျွဲနွားစာ ၁၃ ဧက၊ ဟင်းသီးဟင်းရွက် ၇ ဧက၊ အခြားပဲ ၇ ဧက စုစုပေါင်း ၁၆၃၈ ဧက စိုက်ပျိုးထားကြောင်း သိရသည်။

စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့်နည်းပညာများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)