မိတ္ထီလာ ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူ အကျိူးခံစားခွင့် ထုတ်ပေးခြင်းအခမ်းအနားကို ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက ခရိုင် လျှပ်စစ်မန်နေဂျာရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒေါ်ကေသီခိုင်က ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်လျှပ်စစ် မန်နေဂျာရုံးမှ အာမခံအလုပ်သမား ဦးထွန်းနိုင်၏အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် နာရေးစရိတ်အကျိုးခံစားခွင့်ငွေကျပ် ၂၁၉၄၈၀/-နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ် ၄၂၄၈၀၀၀/- အား ဇနီးဖြစ်သူ ဒေါ်သင်းသင်းမြတ်ထံသို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများ၏ရှေ့မှောက်တွင် လက်ဝယ်အရောက် စနစ်တကျပေးအပ်ခဲ့ရာ ခရိုင်လျှပ်စစ် မန်နေဂျာရုံးမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)