ဆိပ်ဖြူမြို့နယ်၌ စိုက်ပျိုးမြေအတွင်း(ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာ ထည့်သွင်းမြေမြှပ်ခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲ ဆောင်ရွက်

ဆိပ်ဖြူ ဇူလိုင် ၂၀

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့ ရွာသစ်ကွင်းအမှတ် ၁၁၁၅/ ၁၉၅၅ တောင်သူ ဦးကျော်သန်း၏ ကိုင်းစိုက်ပျိုးမြေတွင် တောင်သူပညာပေးကွင်းသရုပ်ပြပွဲ စိုက်ပျိုးမြေအတွင်း(ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာထည့်သွင်းမြေမြှပ်ခြင်းကို ယနေ့ နံနက် ၈နာရီက ဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းကို ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးမြေအတွင်း(ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာထည့်သွင်း မြေမြှပ်ခြင်းဖြင့်ဓာတုမြေသြဇာလျော့ချသုံးစွဲနိုင်စေရေး၊ သီးနှံအထွက်နှုန်းကောင်းမွန်ပြီး စိုက်ပျိုးမြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်နှင့် (ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာထည့်သွင်းစိုက်ပျိုးခြင်းဖြင့် သီးနှံအထွက်နှုန်းလျော့ကျခြင်းမရှိကြောင်း စိုက်ပျိုးတောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ၍ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးဇော်မင်းနိုင်က (ပိုက်ဆံလျှော်)သစ်စိမ်းမြေသြဇာထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ (ပိုက်ဆံလျှော်)သစ်စိမ်းမြေသြဇာ စိုက်ပျိုးရေးနည်းပညာများကိုဒေသခံတောင်သူများအား ရှင်းလင်းပြောကြားပေးသည်။ ထို့နောက်တောင်သူတစ်ဦးက ယခင်စိုက်ပျိုးရာသီတွင် (ပိုက်ဆံလျှော်)သစ်စိမ်းမြေသြဇာ ထည့်သွင်စိုက်ပျိုးခဲ့သည့် အတွေ့အကြုံနှင့်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းခြင်းအခြေအနေများ တောင်သူများထံပြောကြာပေးပြီး ဦးကျော်သန်း၏ ကိုင်းစိုက်ပျိုးမြေတွင်(ပိုက်ဆံလျှော်) သစ်စိမ်းမြေသြဇာထည့်သွင်းမြေမြှပ်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။    

ကိုဇွဲ (အညာမြေ)