မင်းတုန်း ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် မဲစာရင်း စိစစ်ရေး လုပ်ငန်း ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့ ညနေ ၂ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ မဲစာရင်းစိစစ်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များသည် ပထမအကြိမ် ကြေညာသည့် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)များဖြင့် ပြင်ဆင်ချက်လျှောက်ထားလာ၍ ပြင်ဆင်ထားသော မဲဆန္ဒရှင်စာရင်းများအား တိုက်ဆိုင်စစ်ဆေးပြီး သတ်မှတ်ပုံစံများဖြင့် ကိုက်ညီမှု ရှိ၊မရှိနှင့် မဲဆန္ဒရှင် စာရင်းတွင် ပါဝင်သင့်၊ မပါဝင်သင့် တို့အား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းကလေး(NRDC)