သတင်းများ

မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းကွင်းအနီးတွင် လူတစ်ဦးလာရောက် စွန့်ပစ် ထားမှုရှိကြောင်း သတင်းပေးမှုအပေါ် တာဝန်ရှိသူများက သွားရောက်စစ်ဆေး
Aug 27,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူ ရထားရပ်ကွက်ရှိ အောင်ဆန်း ကွင်းအနီးတွင် ယနေ့နံနက် ၁၀ နာရီခန့်က လူတစ်ဦး လာရောက်စွန့်ပစ်ထားမှုရှိကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဝေါမြို့နယ်၊ မိုးစပါးစိုက်ခင်းများထဲသို့ ငါးခုံးမအကြီးကောင်ရေ (၁၅၀၀၀၀) ငါးမျိုးစိုက်ထည့်
Aug 27,2020
ငါးသယံဇာတ တိုးပွားလာ‌စေရန်၊ ငါးမျိုးစိတ်များ ရေရှည်တည်တံ့စေရန်နှင့် ဒေသခံတောင်သူများ စပါးအပြင် ငါးမွေးမြုခြင်းဖြင့် ဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ငါးလုပ်ငန်း စခန်းမှ စီစဉ်ပေးမှုအရ မိုးစပါးစိုက်ခင်းများအတွင်းသို့ ငါးမျိုး စိုက်ထည့်ခြင်းကို
ကော့ကရိတ်မြို့နယ်၌ စား​သောက်ဆိုင်များကုန်စုံဆိုင်များ ကျန်းမာ​ရေးလမ်းညွှန်ချက်နှင့်အညီ​ရောင်းချခြင်း ရှိ၊ မရှိ စစ်​ဆေး
Aug 27,2020
ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား​သော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိကို ယမန်နေ့နံနက် ၈နာရီအချိန်က​ အထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ​ရေး၊ ကျန်းမာ​ရေး၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်​ရေးမှူးတို့က ကွင်းဆင်းစစ်ဆေး ​ဆောင်ရွက်ခဲ့​​ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် အထွေ‌ထွေရွေးကောက်ပွဲတွင် ဒလမြို့နယ်၌ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ မဲပေးနိုင်ရန် ဝှီးချဲများ ထားရှိပေးသွားမည်
Aug 27,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ မှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး အတွက် ရည်ရွယ်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် သီရိဇေယျနော်ရထာခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
သာစည်မြို့မဈေးကြီးတွင် နှာခေါင်းစည်းများဖြန့်ဝေပေးပြီး စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေး
Aug 27,2020
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကိုဗစ်-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီက သာစည်မြို့မဈေးကြီးနှင့် ယာယီပျံကျဈေးတို၌ နှာခေါင်းစည်းများ ဖြန့်ဝေပေးပြီး စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လှည်းကူးမြို့တွင် နေအိမ်ပြင်ပထွက်ခွာသွားလာသူတိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 27,2020
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ နေအိမ်ပြင်ပထွက်ခွာသွားလာသူတိုင်း နှာခေါင်းစီး (Mask) တပ်ဆင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီခွဲက လှည်းကူးမြို့မဈေးအတွင်း လူစည်ကားရာနေရာများ ဖြစ်သော ကားမှတ်တိုင်များ၊ ဆိုက်ကားဂိတ်များနှင့် ဈေးအဝင်/အထွက် အပေါက်နေရာများတွင် အဖွဲ့(၃)ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံ
Aug 27,2020
၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်သည် ယမန်နေ့ညနေ(၃) နာရီခွဲအချိန်က ပုဇွန်တောင် မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
စစ်တွေနှင့် ကျောက်ဖြူဆေးရုံများတွင် volunteer လုပ်အားပေးမည့် ကျန်းမာရေးဝန်ထမ်း များအား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဂုဏ်ပြုနှုတ်ဆက် စကားပြောကြား
Aug 27,2020
စစ်တွေနှင့် ကျောက်ဖြူဆေးရုံများတွင် volunteer လုပ်အားပေးမည့် ကျန်းမာရေး ဝန်ထမ်းများအား ယနေ့နံနက်ပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်မှ ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားခဲ့သည်။