ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် တန်ဖိုးထားအပ်သောအရာများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

တံတား  ဩဂုတ်  ၂၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း Youth Club  Book Club နှင့် Women Club အဖွဲ့တို့ ပူးပေါင်း၍ ဆရာဖေမြင့်၏ "တန်ဖိုးထားအပ် သောအရာများ" စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယမန်နေ့  မွန်းလွဲ ၁ နာရီ က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တံတားပြန်/ဆက် ဦးစီးမှူး ဒေါ်အေးအေးလွင်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလ အတွင်း‌ ခေတ္တရပ်နားထားသည့် စာဖတ်ဝိုင်းများကို ယခုအခါတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ပြန်လည်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် စာပေချစ်မြတ်နိုးသူ လူငယ်မောင်မယ်များအား အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ Women Club အဖွဲ့ဝင် ဒေါ်သက်ထားရွှေစင်က ဆရာဖေမြင့်၏ "တန်ဖိုးထားအပ်သော အရာများ" စာအုပ်ပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး (Book Club) အဖွဲ့ဝင်‌ မသုန္ဒြေဦး က "အဆုံးအဖြတ် ပေးတက်တဲ့လူ ‌‌မအေးမြလင်းက  တစ်ခါတစ်ရံအရှိကို အရှိအတိုင်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ Youth Club အဖွဲ့ဝင် ကိုဇော်မျိုးထွေးက "လူကြီးနှင့်လူငယ် အဟောင်းနဲ့အသစ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင် များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့‌ကြကြောင်း သိရသည်။ ထို့နောက် ဗဟုသုတရရှိစေရန်အတွက် ရုံးအတွင်း ခင်းကျင်းပြသထားသော လူကုန်ကူးမှုပပျောက်ရေး နံရံကပ် စာစောင်များ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား  စာပေဝါသနာရှင် များက လေ့လာ ဖတ်ရှုခဲ့ကြောင်း သိရှိရသည်။

တင်နိုင်ဝင်း (တံတား)