သတင်းများ

ကျိုင်းတောင်းမြို့ရှိ မသန်စွမ်းသူများအား နိုင်ငံတော်မှထောက်ပံ့ငွေများ သွားရောက်ပေးအပ်
Aug 28,2020
လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် နေထိုင်သည့် မသန်စွမ်းသူများအတွက် Covid-19 ကာလ နိုင်ငံတော်အစိုးရမှ တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်(၃၀၀၀၀) စီအား ယနေ့နံနက် ၁၁ နာရီအချိန်က မသန်စွမ်းသူများနေထိုင်ရာ အိမ်များအရောက်သွား‌ရောက် ထောက်ပံ့‌ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မိုင်းလုံမြို့ နေရပ်ပြန်(၆)ဦးထံမှ နှာခေါင်းနှင့်အာခေါင်တို့ဖတ်တို့၏ စစ်ဆေးချက်များ ထုတ်ပြန်ကြေညာ
Aug 28,2020
ကိုဗစ်−၁၉ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းလုံမြို့ တိုက်နယ် ကျန်းမာရေးဌာနမှ သူနာပြုဆရာမ ဒေါ်နန်းမြဟန်၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ စိုင်းအောင်ကျော်ထက်နှင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးကော်မတီဝင်များ ပူးပေါင်း၍ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့မှ အလုပ်လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာသူ နေရပ်ပြန်(၆)ဦးထံမှ အာခေါင် တို့ဖတ် နမူနာ များကို (၂၅.၈.၂၀၂၀)ရက်နေ့တွင် ရယူခဲ့ကြောင်း သိရသည်။
ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် မိုးစပါးစိုက်ခင်းများတွင် ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှု
Aug 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာနည်းပညာပေးစင်တာနယ်မြေအတွင်းရှိ  တောင်သူ ဦးသိန်းမြင့်ဦး၏ မိုးစပါး ဧရာမင်း RS to CS စိုက်ခင်းနှင့် မိရိုးဖလာ စိုက်ပျိုးထားသော စိုက်ခင်း များအား အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပညာရှင်ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုပြီး စိုက်ခင်းများအတွင်း မြေဩဇာအချိုးကျ မှန်ကန်စွာ အသုံးပြုတတ်စေရေးနှင့် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲတတ်စေရန် နည်းပညာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
မံစီ၌ မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ အစည်းအဝေးကျင်းပ
Aug 28,2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်အထက် ၃၆ စင်တီမီတာရှိနေ
Aug 28,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မွန်းတည့် ၁၂ နာရီအချိန်တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာ အထက် ၂၁၆၆ စင်တီမီတာရှိနေသေးကာ ၃၆ စင်တီမီတာရှိနေသေးကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ဝေါလ်ဗီရှင်း-မြန်မာက ဆောင်ရွက်ခဲ့သော လူထုအခြေပြုစီမံကိန်း လုပ်ငန်းများ အသိပေးတင်ပြခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းများအတည်ပြု ဆွေးနွေးခြင်း ဆောင်ရွက်
Aug 28,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဝေါလ်ဗီရှင်းအင်တာနေရှင်နယ် မြန်မာ(ဆိပ်ဖြူမြို့နယ်ရုံး)က ဆောင်ရွက်လျက်ရှိသော လူထုအခြေပြု ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ အတည်ပြု ဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ငွေသဲဖြူခန်းမတွင် ယနေ့ နံနက် ၁ဝနာရီက ပြုလုပ်သည်။
ဘုရားသုံးဆူမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မီးဘေးအန္တရယ်မရှိစေရေး ကွင်းဆင်းစစ်ဆေး
Aug 28,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မီးဘေးအန္တရယ်မရှိစေရေးအတွက် ဘုရားသုံးဆူမြို့ မီးသတ်ဦးစီးဌာနက ယနေ့ နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
သံဖြူဇရပ်မြို့နယ်တွင်  မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိစေရေး အစည်းအဝေးပြုလုပ်
Aug 28,2020
မွန်ပြည်နယ်     သံဖြူဇရပ်မြို့နယ်တွင်     ၂၀၂၀ - ပြည့်နှစ်   ပါတီစုံဒီမိုကရေစီ   အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး  လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။