သတင်းများ

ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာတွင် Cash For Work စီမံကိန်းဖြင့်ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်
Aug 28,2020
စိုက်ပျိုးရေးမွေးမြူရေးဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်−၁၉ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ် Covid-19 Economic Relief Plan(CERP)အရ ကျေးလက်ဒေသနေ ပြည်သူများ၏ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို
မန္တလေးမြို့တွင် Mask တပ်ဆင်ထားခြင်း ရှိ၊ မရှိ ရှောင်တခင်စစ်ဆေးကာ အသိပညာပေးဆောင်ရွက်
Aug 28,2020
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၆၂လမ်း၊ ၄၀× ၄၁ လမ်းကြားရှိ မဟာမြိုင် (၂) ရပ်ကွက် မနော်ရမ္မံဟစ်တိုင်းကွင်းရှေ၌တွင် လမ်းသွားလမ်းလာများ Mask တပ်ဆင်ထားခြင်း ရှိ၊ မရှိ ရှောင်တခင်စစ်ဆေးခြင်းနှင့် Mask များ တပ်ဆင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့ ညနေ (၄)နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့၌ မဲစာရင်းတွင်အမည်ပါပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်း ဆောင်ရွက်ပေး
Aug 28,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၌ မဲစာရင်းတွင်အမည်ပါပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ပန်နန်းဒင်မြို့၌ ကိုဗစ်ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်
Aug 28,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့‌‌သည့်ငွေများကို ယနေ့နံနက် (၈) နာရီက ပန်နန်းဒင်ရှိ အိမ်ထောင်စု (၁၀) စုအတွက် အိမ်တိုင် ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်ညှိနှိုင်း အစည်းအဝေး ကျင်းပ
Aug 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကူးစက် ပျံ့နှံခြင်းမှ ကင်းဝေးစေရန်အတွက် ယမန်နေ့ ညနေပိုင်းအချိန်က တာမွေမြို့နယ် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ရွှေမြို့နယ်၌ ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်နိုင်ရေးအတွက် (CERP)အစီအဉ်ဖြင့် ငါးသားပေါက်များ ဖြန့်ဖြူးပေးအပ်
Aug 28,2020
ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်နစ်နာခဲ့သည့် ငါးမွေးမြူရေးတောင်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ (CERP) စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်အရ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညောင်ရွှေမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား ငါးသား ပေါက်များ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၂)နာရီအချိန် က ညောင်ရွှေမြို့ နယ်၊ ငါးလုပ်ငန်းစခန်း၌ ပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကျင်းပ
Aug 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ကာရာအို​ကေဆိုင်များ ဖွင့်လှစ်​ခြင်းရှိ/မရှိ​ရှောင်တခင်စစ်​ဆေး
Aug 28,2020
ပဲခူးခရိုင်၊​ ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ကာရာအို​ကေဆိုင်များ ဖွင့်လှစ်​ခြင်း ရှိ/မရှိကို မြို့နယ်ဗီဒီယို အ​ခြေခံကြီးကြပ်မှု​ကော်မတီအဖွဲ့သည် ယမန်​နေ့ ည(၉)နာရီအချိန်၌ မြို့နယ် အတွင်းရှိ ကာရာအို​ကေဆိုင်များတွင် ​ရှောင်တခင်စစ်​ဆေးခဲ့သည်။