အင်းတော် ဩဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မဲဇာနည်းပညာပေးစင်တာနယ်မြေအတွင်းရှိ တောင်သူ ဦးသိန်းမြင့်ဦး၏ မိုးစပါးဧရာမင်း RS to CS စိုက်ခင်းနှင့် မိရိုးဖလာ စိုက်ပျိုးထားသော စိုက်ခင်း များအား အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပညာရှင်ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုပြီး စိုက်ခင်းများအတွင်း မြေဩဇာအချိုးကျ မှန်ကန်စွာ အသုံးပြုတတ်စေရေးနှင့် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲတတ်စေရန် နည်းပညာများ ဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရသည်။
အင်းတော်မြို့နယ်အတွင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့မနည်းပညာပေးစင်တာ၊ မော်လူး နည်းပညာပေးစင်တာ၊ မဲဇာ နည်းပညာပေး စင်တာ၊ မော်တိတ်နည်းပညာပေးစင်တာ ဟူ၍ နည်းပညာပေး စင်တာ ၄ ခုဖွင့်လှစ်ထားပြီး၊ ခေတ်မီ မိုးစပါး စိုက်ပျိုးနည်းစနစ်များအား သရုပ်ပြသစိုက်ပျိုးခြင်း၊ မြေဩဇာ အသုံးပြုနည်းများ ပြသပေးခြင်း၊ သဘာဝမြေဩဇာပြုလုပ်နည်းများ လက်တွေ့ဆောင်ရွက်ပြသခြင်း၊ စိုက်ခင်းအတွင်း ပိုးမွှားများ ကျရောက်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းများကို ဒေသခံ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တောင်သူနည်းပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောပြခဲ့သည်။
ကျော်သီဟ(ပြန်/ဆက်)