ဘုရားသုံးဆူမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မီးဘေးအန္တရယ်မရှိစေရေး ကွင်းဆင်းစစ်ဆေး

ဘုရားသုံးဆူ သြဂုတ် ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မီးဘေးအန္တရယ်မရှိစေရေးအတွက် ဘုရားသုံးဆူမြို့ မီးသတ်ဦးစီးဌာနက ယနေ့နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဆောင်ရွက်မှုများတွင် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဇင်မင်းထက်က မြို့ပေါ် (၄) ရပ်ကွက်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းများအား မီးဘေးအန္တရယ်မရှိစေရေး အသိပညာပေးလုပ်ငန်းများ၊ မီးဘေးအန္တရာယ်ဆောင်ရွက်ထားမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စောရဲဝင်ထွဋ်(ပြန်/ဆက်)