သတင်းများ

လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပေါ်စေရေးနှင့် မြို့နယ်အတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အရှိန်ဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး အစည်းအဝေးကျင်းပ
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အသိပညာ ပေးနှိုးဆော်ခြင်းလုပ်ငန်း အသီးသီးအား မြို့နယ်အတွင်း ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယခင်ဆောင်ရွက်လျက်သည့် လုပ်ငန်းများထက် တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက လပွတ္တာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်သည်။
မော်လမြိုင်မြို့တွင် သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည်
Aug 28,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ် ဆောင်နှင့် ပညာရေး ကောလိပ်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့်ဝင်ရောက် လာသောနေရပ် ပြန်ကျား(၂၆)ဦးနှင့်မ(၂၈)ဦး စုစုပေါင်း(၅၄)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့ တည်းခိုမည့် အဆောင်များသို့ နေရာချထား ပေးကြောင်း သိရသည်။
ဒုတိယအကြိမ် မဲစာရင်းမှန်ကန်ရေးအတွက် မဟာအောင်မြေမြို့နယ်သို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကွင်းဆင်းစစ်ဆေး
Aug 28,2020
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းမှန်ကန်စေရေးအတွက် မဲဆန္ဒရှင်များမှ ပထမအကြိမ် မဲစာရင်း ကြေညာရာတွင် အမှားပြင်ဆင်လျှောက်ထားမှုများ စာရင်းသွင်းခြင်းလုပ်ငန်းဆောင်ရွက်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ မန္တလေးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမှ သြဂုတ်လ ၂၈ ရက် နံနက် ၁ဝ နာရီ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရွှေကူမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စု(၄၇၅)စုအား ထောက်ပံ့ငွေများပေးအပ်
Aug 28,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၄၇၅)စုအား ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပပြုလုပ်
Aug 28,2020
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး၊ လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးတို့ တက် ရောက်ကြသည်။
ဝါးခယ်မမြို့အဝင် စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်ပြီး ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်၏ မြို့အဝင်နေရာများဖြစ်သော ကျွန်းကုန်း၊ ရွှေလောင်း အဝင် နေရာများ၌ ဧပြီလကုန်ပိုင်းမှ စတင်၍ ရပ်နားထားခဲ့သည့် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေး ဂိတ်များကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် စျေးများ၊ စားသောက်ဆိုင်များအား ကျန်းမားရေးလမ်းညွှန်ချက်နှင့် အညီ ရောင်းချခြင်းရှိ / မရှိ လိုက်လံစစ်ဆေး
Aug 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက်က ခါမ်းပါတ်မြို့ မြို့မစျေး ၊ကနန်ကျေးရွာ ကျေးလက်စျေးနှင့်
မအူပင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းများဆောင်ရွက်
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲများမှ ပြန်လည်တင်ပြလာသော ပုံစံ(၃)၊ (၄)၊ (၄-ဂ) များအား လွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့်အညီ စီစစ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ စိစစ်ဆောင်ရွက်လျက်ရှိသည်။