ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ် စိုးရိမ်ရေမှတ်အထက် ၃၆ စင်တီမီတာရှိနေ

ညောင်ဦး ဩဂုတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မွန်းတည့် ၁၂ နာရီအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအထက် ၂၁၆၆ စင်တီမီတာရှိနေသေးကာ ၃၆ စင်တီမီတာရှိနေသေးကြောင်း သိရသည်။

ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန်တိုင်းတာမှုအရ ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအထက် ၂၁၆၇ စင်တီမီတာတွင်ရှိနေပြီး စိုးရိမ်ရေမှတ်အထက် ၃၇ စင်တီမီတာရှိနေသေးကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှသိရကာ ယနေ့မွန်းတည့် ၁၂ နာရီအချိန်တိုင်းထွာချက်အရ ၂၁၆၆  ရှိနေသေးကာ စိုးရိမ်ရေမှတ် ၂၁၂၀ အထက် ၃၆ စင်တီမီတာရှိနေသေးကြောင်း နောက်သုံးရက်အတွင်း ဧရာဝတီမြစ်ကျဆင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ညောင်ဦးမြို့ ဧရာဝတီမြစ်ရေအခြေအနေအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနတို့ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှု၊ မြစ်ရေကျမှုအခြေအနေအား သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

ကိုထိန်၊KPD