သတင်းများ

လှိုင်းဘွဲမြို့မဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေး
Aug 28,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေချိန်အတွင်း မြို့မဈေးအတွင်း ဈေး‌ရောင်းဈေးဝယ်သူများ ရောဂါပိုးကူးစက်ပျံ့ပွားမှုမရှိစေဘဲ အခြေခံစားသောက်ကုန်များဘေးအန္တရာယ်ကင်းရှင်းစွာရောင်းဝယ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်စေရန် A Frame Method သရုပ်ပြလေ့ကျင့်ဆောင်ရွက်
Aug 28,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်စေရန် A Frame Method သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က နွားထိုးကြီးမြို့ မီးသတ်ဦးစီးဌာနရုံးဝန်းအတွင်းတွင် သရုပ်ပြလေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်ရုံးတွင် Online ဝန်ဆောင်မှုများဆောင်ရွက်
Aug 28,2020
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လယ်ဝေးမြို့နယ်ရုံးအနေဖြင့် ပြည်သူများအား Online မှ တစ်ဆင့်အသိပညာပေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့ နံနက်(၉)နာရီက လူကုန်ကူးမှုအန္တရာယ် အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်း များဆောင်ရွက်
Aug 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေးနှိုး ဆော်ခြင်းလုပ်ငန်း များကို ဆောင်ရွက်ခဲ့သည်။
တနင်္သာရီမြို့နယ်၌ ကိုဗစ်-၁၉ ကာလ ကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ဖိုးနှင့်စိုက်ပျိုးစရိတ်ငွေထောက်ပံ့
Aug 28,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သော ကိုဗစ်-၁၉ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ၂၀၂၀ ပြည့်နှစ်၊ မိုးစပါးစိုက်ပျိုးရာသီအတွက် မျိုးစေ့ထုတ် တောင်သူများအား
သပိတ်ကျင်းမြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ
Aug 28,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြင်ဦးလွင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ပြုလုပ်သည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက သပိတ်ကျင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမတွင်ပြုလုပ်သည်။
ဒေးဒရဲမြို့၌ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ အန္တရာယ်ကင်းရှင်း စေရေးနှင့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းဖြင့် စားသုံးသူများ အနေဖြင့် ရိုးရှင်းသော သတင်းအချက်များ ရရှိစေရန် ရည်ရွယ်၍ ရုံးကြီးဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင် များအား ‌ ယနေ့ နံနက် ၁၁ နာရီက ကွင်းဆင်း စစ်ဆေးခဲ့သည်။
ကျုံ​ပျော်၌ ကိုဗစ် - ၁၉ ၏ စီးပွား​ရေး ထိခိုက်မှုသက်သာရေး စီမံချက်အရ ပြုလုပ်သော မွေးမြူ ရေး သင်တန်းများအားလုံးဖွင့်လှစ်ပြီးစီး
Aug 28,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဦးဆောင်၍ ဖွင့်လှစ်ခဲ့သော ကိုဗစ် - ၁၉ ၏ စီးပွား​ရေး ထိခိုက်မှ သက်သာရေး စီမံချက် ( CERP )အရ ပြုလုပ် သည့် မွေးမြူရေး သင်တန်းများအားလုံး ဖွင့်လှစ်ပြီးစီးပြီဖြစ်‌ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဆွေမူဟန်က သြဂုတ်လ ၂၈ ရက်နေ့က ပြောကြားခဲ့သည်။