မိုင်းလုံမြို့ နေရပ်ပြန်(၆)ဦးထံမှ နှာခေါင်းနှင့်အာခေါင်တို့ဖတ်တို့၏ စစ်ဆေးချက်များ ထုတ်ပြန်ကြေညာ

မိုင်းလုံ သြဂုတ် ၂၈

ကိုဗစ်−၁၉ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းလုံမြို့ တိုက်နယ် ကျန်းမာရေးဌာနမှ သူနာပြုဆရာမ ဒေါ်နန်းမြဟန်၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ စိုင်းအောင်ကျော်ထက်နှင့် ကိုဗစ်−၁၉ရောဂါ  ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးကော်မတီဝင်များ ပူးပေါင်း၍ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အလုပ်လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာသူ နေရပ်ပြန်(၆)ဦးထံမှ  အာခေါင် တို့ဖတ် နမူနာ များကို (၂၅.၈.၂၀၂၀)ရက်နေ့တွင် ရယူခဲ့ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လျှက်ရှိသော မိုင်းလုံမြို့ နမ့်ပိန်ရပ်ကွက်နှင့် အထက်ရပ်ကွက် တို့တွင်နေထိုင်သည့် နေရပ်သို့ပြန်လည်ရောက်ရှိလာသူ အမျိုးသား (၃)ဦးနှင့် အမျိုး သမီး(၃)ဦးတို့၏ ဆေးစစ်ချက် အဖြေသည်(Negative) ဖြစ်ကြောင်းကို မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ သိရှိရသည်။

ဇော်ဇော်(ပြန်/ဆက်)