ကျိုင်းတောင်း သြဂုတ် ၂၈
လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် နေထိုင်သည့် မသန်စွမ်းသူများအတွက် Covid-19 ကာလ နိုင်ငံတော်အစိုးရမှ တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်(၃၀၀၀၀) စီအား ယနေ့နံနက် ၁၁ နာရီအချိန်က မသန်စွမ်းသူများနေထိုင်ရာ အိမ်များအရောက်သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ပေးအပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနန်းဝင်း ဦးဆောင်၍ အမျိုးသမီးရေးရာဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပါဝင်ပြီး ကျိုင်းတောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများမှ စုစုပေါင်း မသန်စွမ်းသူ (၂၃)ဦးအတွက် ငွေကျပ်(၆၉၀၀၀၀)ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းသီဟထွန်း၊ ပြန်/ဆက်(ကျိုင်းတောင်း)