ဝန်းသိုမြို့နယ်တွင် CERPအစီအစဉ်ဖြင့် မိုးစပါးစီးပွားဖြစ်မျိုးသန့်မျိုးစေ့ထုတ်ကွက်၂၅၀ဧကအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပ

ဝန်းသို ဩဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ မိုးစပါးစိုက်ပျိုးရာ သီအတွင်း ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှုအပေါ်ကုစားမှုအစီအစဉ် CERPအရ ကျေးရွာပေါင်း၂၈ရွာတွင် မိုးစပါးစီးပွား ဖြစ် မျိုးသန့်မျိုးစေ့ထုတ်ကွက်၂၅၀ဧက စိုက်ပျိုး ထားလျက်ရှိရာ အဆိုပါမျိုးစေ့ထုတ်တောင်သူများအား ပထမအရစ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၉နာရီအချိန်က ဒေါင်းမြူးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးနေမျိုးထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်မျိုးစေ့ တာဝန်ခံဒေါ်ကြင်စန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှုးရုံးမှ ဦးစီးမှူးဦးတင့်ဆွေက CERP မျိုးထုတ်ကွက်နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး ခဲ့သည်ထို့နောက် မိုးစပါးမျိုးသန့် မျိုးစေ့ ထုတ်ကွက်  တောင်သူ ၁၁၁ ဦးတို့အား ပထမအရစ် မျိုးစေ့ဖိုးနှင့် အပင်ပြုစုလုပ်အားခ တန်ဖိုးထောက်ပံ့ငွေတို့ကို တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြပြီး ဝန်းသိုမြို့နယ်တွင် CERP အစီအစဉ် အရ မှော်ဘီ-/ ဆင်းဧကရီ- မျိုးစပါး စိုက်ပျိုးတောင်သူများကို တစ်ဧကလျှင် ငွေကျပ် ၈၃၅၀၀ ကျပ်နှုန်း၊ ဧရာမင်းမျိုးစပါး စိုက်ပျိုးတောင်သူများကို တစ်ဧကလျှင် ငွေကျပ် ၈၅၅၀၀ကျပ်နှုန်း ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်။

ကျော်မြိုင် (ပြန်/ဆက်)