ဇလွန်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးပြည်သူများအား နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေ

ဇလွန် သြဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုများ မရှိစေရေး ကြိုတင်၍ ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် ပြည်သူများအား နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာ တွင် (Mask)နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ကာ သွားလာ စေရေး အသိပညာပေးခြင်းနှင့် Mask နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးမျိုးသက်အောင်နှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံပြန်ရေးကော်မတီဝင်များ ၊ မြို့ပေါ်(၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ ၊ လူမှုရေး အသင်း အဖွဲ့များ ပူးပေါင်း၍ဆောင် ရွက်ခဲ့ကြခြင်းဖြစ်ပြီး ဇလွန်မြို့နယ်အတွင်းရှိပြည်သူများအနေဖြင့်နေအိမ်အပြင်ထွက်ပါက နှာခေါင်းစည်းများ မဖြစ်မနေ တပ်ဆင်ရန်နှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လိုက်နာရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြပြီး လမ်းဆုံနေရာများတွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)