ခင်ဦး ၊ ဩဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်း စစ်ဆေးခြင်းကို ဩဂုတ်လ ၂၉ ရက်နေ့က မကျီးတုံကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးချိုလင်းအောင်၊ မြို့နယ်မဲစာရင်းစိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ရွှေ၊ မြို့နယ်မဲစာရင်းစိစစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး-၂ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးလှိုင်ဝင်းထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ကွင်းဆင်း၍ အိမ်တိုင်ရာရောက် မဲဆန္ဒရှင်စာရင်းပါ အချက်အလက်များ ပြည့်စုံမှန်ကန်စေရေး၊ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ကွင်းဆင်၍ တစ်အိမ်တက် ဆင်း ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။ ခင်ဦးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ (၆၄) အုပ်စု၊ မဲဆန္ဒရှင် (၁၂၁၃၀၀)ကျော်၊ မဲရုံပေါင်း (၁၁၂) ရုံ ရှိပြီး တစ်အိမ်တက်ဆင်း ကွင်းဆင်းစိစစ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
စိုးဝေအောင်(ခင်ဦး)