မော်လမြိုင်မြို့တွင်သတ်မှတ်နေရာများ၌အသွားအလာကန့်သတ်ထားရှိမည်

မော်လမြိုင် ဩဂုတ် ၂၉

မွန်ပြည်နယ်မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ် ဆောင်နှင့်ပညာရေး ကောလိပ်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်လာသောနေရပ်ပြန်(၁၀၄)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း ၎င်းတို့တည်းခို မည့် အဆောင်များသို့နေရာချထားပေးကြောင်းသိရသည်။

ထို့သို့ Quarantine ဝင်ရောက်လာသောနေရပ်ပြန်များကို CBFQ ကွပ်ကဲရေးစခန်းမှ တာဝန်ရှိသူများ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ဘိုဘိုဝင်း(Rescue)အရေးပေါ်ကယ်ရေးအဖွဲ့တို့ကနွေးထွေးစွာကြိုဆိုကြပြီး စာရင်းသွင်းခြင်း ၎င်းတို့တည်းခိုမည့် အဆောင်များ သို့ပိုဆောင်ပေးခြင်း၊ စားရေးသောက်ရေးစီစဉ်ပေးခြင်းနှင့် လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့သည်။

Quarantine ဝင်ရောက်လာသောသူများကို အသွားအလာကန့်သတ်စောင့်ရေးစခန်း၌ ထားရှိပြီး အာခေါင်တို့ဖတ်၊နှာခေါင်းတို့ဖတ် တို့အားရယူ၍ ရောဂါပိုးရှိ/မရှိ ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေးသွား မည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်တွင် ကျန်းမာရေးစစ်ဆေးမှု တစ်ကြိမ် ဆောင်ရွက် ပေးကာ ရောဂါပိုးမရှိပါက သတ်ဆိုင်ရာ မြို့နယ် သို့ လွဲပြောင်းပြီးမြို့နယ်များမှ(၂၁)ရက် ကန့်သတ်စောင့်ကြည့် သွားမည်ဖြစ်ကြောင်း သိရသည်။ မေလ(၁)ရက်နေ့မှယနေ့ထိ ပြည်ပနိုင်ငံအသီးသီးမှနေရပ် ပြန်လာသူပေါင်း (၁၂၃၅၂)ဦးရှိပြီး ဖြစ်ကြောင်းသိရသည်။

ပြည်နယ် ပြန်/ဆက်