တာချီလိတ်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ပြန်လည်မြင့်တင်နိုင်ရန် Covid-19 Relief Package 1 ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

တာချီလိတ် ဩဂုတ် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကိုဗစ်-19 ကြောင့် ကျဆင်းလျက်ရှိသော စီးပွားရေးကို ပြန်လည်မြင့်တင် နိုင်ရန်ရည်ရွယ်၍ Covid-19 Relief Package 1 ခရီးသြား လုပ်ငန်း(အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး  community centre ခန်းမ၌ ယမန်နေ့က ကျင်းပခဲ့ ကြောင်းသိရှိရသည်။

အဆိုပါသင်တန်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ဦးဆောင်လမ်းညွန်မှု၊ ဟိုတယ်နှင့်ခရီး သွားညွန်ကြားမှု ဦးစီးဌာန၏ ကြီးကြပ်မှု၊ တာချီလိတ်ရုံးခွဲ၏ စီစဉ်မှု၊ခရီးသွားလုပ်ငန်းရှင်များ အသင်း(တာချီလိတ်)၏ ပူးပေါင်းပါဝင်မှုဖြင့် ကိုဗစ်-19 ကြောင့် စီးပွားရေးကျဆင်းလျက်ရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ခရီးစဉ်ဒေသများတွင် ခရီးသွား လုပ်ငန်းများကို ပြန်လည်မြင့် တင်နိုင်ရန် ရည်ရွယ်၍သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးကော်မတီ  အတွင်းရေးမှူး တာချီလိတ်ရုံးခွဲ တာဝန်ခံ ဦးရန်နိုင်ဝင်း (လက်ထောက် ညွန်ကြားရေးမှူး) မှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်း လက်မှတ်များကိုပေး အပ်ချီးမြင့်ခဲ့သည်။

သင်တန်းတွင် အနှေးယာဉ်လုပ်သားများ(သုံးဘီး၊ဆိုက္ကားဆရာ) ဈေးသည်များ၊ လက်မှုပညာသည်များ စသည့် အခြေခံလူတန်းစားများ (၂၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို ဩဂုတ် ၂၂ ရက်နေ့မှ ၂၉ ရက်နေ့ ရက်နေ့ထိ(၈) ရက်ကြာဖွင့်လှစ်ပို့ချသွားခဲ့ပြီး သင်တန်းသား တစ်ဦးစီ အတွက် တစ်ရက်လျင် အနိမ့်ဆုံး လုပ်ခ လစာအဖြစ် (၄၈၀၀)ကျပ် နှုန်းနှင့်သင်တန်းဆရာများကို တစ်ရက်လျင်(၂၀၀၀၀)ကျပ်နှုန်းကို ဝန်ကြီးဌာနမှ ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရသည်။

ယာဆေး(ပြန်/ဆက်)