တနင်္သာရီမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် အိမ်သုံးမီတာခကြေး ငွေအား အိမ်တိုင်ရာရောက် လိုက်လံပေးအပ်

တနင်္သာရီ  ဩဂုတ်လ  ၃၀

တနင်္သာရီတိုင်းဒေသကြီးအစိုးအဖွဲ့မှ ထောက်ပံ့သည့်အိမ်သုံးလျှပ်စစ်မီတာခကြေးငွေများအား မြိတ်ခရိုင်၊ တနင်္သာရီ မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၊ မီတာသုံးစွဲနေသောကျေးရွာအချို့အား လျှပ်စစ်မီးဖြန်းဖြူး ပေးနေသည့် ဖိုးသီးချို(Ptc) လျှပ်စစ်မီးလင်းရေးကုမ္ပဏီမှ ဝန်ထမ်းများက အဖွဲ့-၄ဖွဲ့ခွဲ၍ အိမ်တိုင်ရာရောက် လိုက်လံရှင်းပြကာ ငွေပေးအပ်ကြကြောင်း သိရှိရသည်။

ယင်းသို့ ဖိုးသီးချို(Ptc) လျှပ်စစ်မီးလင်းရေးကုမ္ပဏီမှဝန်ထမ်းများက မီတာခငွေများ ပြန်ပေးအပ်ရာတွင် ဩဂုတ်၂၆ရက်မှစပြီး တနင်္သာရီမြို့ပေါ်ရှိ ချောင်းကြီးရပ်ကွက်၊ ချောင်းငယ်ရပ်ကွက်နှင့် ကျေးရွာများသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မီးသုံးစွဲသည့်မီတာလုံးရေအလိုက်ထောက်ပံ့ပေးဖြစ်ပြီး၊ (၅/၂၀၂၀)လအတွက် ထောက်ပံ့ငွေ (၇၇၅၀)ကျပ်နှင့် (၁-၆-၂၀၂၀) ရက်နေ့မှ (၁၅-၆-၂၀၂၀) ရက်နေ့အထိ ထောက်ပံ့ငွေ(၃၈၀၀)ကျပ်၊ စုစုပေါင်း (၁၁၅၅၀)ကျပ်ကို ၂၀၂၀ခုနှစ်၊ဇူလှိုင်လအတွင်းမိီးသုံးစွဲခဲ့ပြီး သြဂုတ်လ၁ ရက်နေ့မှာ မီတာကြေး ငွေပေးသွင်းထားပြီး ဖြစ်သည့် မီတာလုံးရေစာရင်းအတိုင်း နေအိမ်များသို့ ယခုကဲ့သိုလိုက်လံ ပေးအပ် ရခြင်းဖြစ်ကြောင်း သိရှိရသည် ။

တနင်္သာရီမြို့နယ်အတွင်း ၂၀၂၀ခုနှစ်ဩဂုတ်လတွင်လျှပ်စစ်မီးသုံးစွဲခဲ့သည့်မီတာလုံးရေမှာ မြို့ပေါ်ရပ်ကွက်(၂) ရပ်ကွက်၌ (၁၄၄၀) လုံး၊ ညောင်ပင်ကွင်း ကျေးရွာတွင် (၇၆၆)လုံးနှင့်အရှေ့မော်တုံးကျေးရွာတွင် (၁၈၁)လုံး၊ စုစုပေါင်း(၂၃၅၅) လုံးရှိပြီး ထောက်ပံ့ငွေစုစုပေါင်းမှာ (၂၇ ၂၁၉ ၂၅၀ )ကျပ်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် အတွင်း၂၀၂၀ခုနှစ်၊ ဧပြီလတွင် ယခုကဲ့သို့ထောက်ပံ့ငွေပေးအပ်ခဲ့ရာမှာ လကုန်မီတာခပေးဆောင်ချိန်တွင် ခုနှိမ်ပေးဆောင်ကြရပြီး၊ ပိုငွေအားပြန်အမ်း ပေးခြင်းပြုလုပ်ခဲ့ကြောင်း ယခုအကြိမ်တွင် ထောက်ပံ့ငွေပေး မည့်စာသည်ပြည်သူလူထုမှ လစဥ်သုံးစွဲသည့် မီတာခငွပေး ဆောင်ပြီးချိန်မှ နောက်ကျရောက်ရှိလာသဖြင့် ဝန်ထမ်းများမှနေအိမ်အရောက် လိုက်လံရှင်းပြပြီး ပြန်လည်ပေးအပ် ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)