ဆွမ်ပရာဘွမ် ဩဂုတ် ၃၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇာနည်တိုး၊ မြို့နယ်လုပ်ငန်းအရေးအသွေးစစ်ဆေးရေးအဖွဲ့၊ မြို့စည်ပင်သာယာရေး ကော်မတီ နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ကဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ဖြည့်စွက် ရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သော Great King Myanmar Co,ltd က မြို့မရပ်ကွက်ရှိ အလျား ၃၆ပေအနံ၅၇ပေရှိရေစု ကန်အသစ်တည်ဆောက်ခြင်းအတွက် ခွင့်ပြုငွေကျပ် (၂၇)သန်းနှင့်အလျား ၃၆ပေအနံ၅၇ပေ ရှိရေစု ကန်အဟောင်းပြုပြုခြင်း အတွက်ခွင့်ပြု ငွေကျပ်(၄ )ကျပ်သန်းဖြင့် ရေစုကန်များအသစ် တည်ဆောက်ခြင်း နှင့်ပြုပြင်ခြင်းကိုလည်းကောင်း ၊ Sha Wa Nang Co,ltd ကမြို့မရပ်ကွက်ရှိ အလျား၅၇၀ပေအနံ၆ပေရှိဘန်ရူခန်းမ ခြံစည်းရိုး၊ အုတ်တံတိုင်းကာရံခြင်း အတွက်ခွင့်ပြုငွေကျပ်(၂၅)သန်းဖြင့်လည်းကောင်း၊ တင်ဒါအောင်မြင်သော ကုမ္မဏီများကလုပ်ငန်း များအား စတင် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့်မြို့စည်ပင်ယာသာရေးနှင့် မြို့ရေလုံလောက်စွာစုဆောင်းဖြန့်ဝေ နိုင်ရေးအတွက် ရည်ရွယ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးနိုင်လင်းအောင်က ပြောကြားသည်။
ကုဋေ (ဆွမ်ပရာဘွမ် ပြန်/ဆက်)