သတင်းများ

စစ်ကိုင်းမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးများ ဆောင်ရွက်
Sep 01,2020
စစ်ကိုင်းမြို့တွင် အမှတ် (၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (စစ်ကိုင်း) မှ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးဆောင်ရွက် ပေးခြင်း များကို ယမန်နေ့က မြို့မဈေးနှင့် လမ်းလေးဆုံမီးပွိုင့်တို့၌ ပြုလုပ်ခဲ့ကြသည်ကို သိရသည်။
ဒေးဒရဲမြို့၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
Sep 01,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယမန်နေ့ ညနေ ၂ နာရီက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 01,2020
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များနှင့် လတ်တလော ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး လူငယ်ရေးရာကော်မတီ၏ လှုပ်ရှား ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ငွေသဲဖြူ) ခန်းမ၌ ညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ကော့ကရိတ်မြို့တွင် စား​သောက်ကုန်နှင့်​ဆေးဝါးများ ပုံမှန်​စျေးထက်​စျေးနှုန်းမြှင့်တင်​ရောင်းချခြင်း ရှိ/မရှိ စစ်​ဆေး
Sep 01,2020
ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့ စားသုံးသူ​ရေးရာဦးစီးဌာနနှင့် စည်ပင်သာယာ​ရေးဦးစီးဌာနတို့သည် ယမန်​နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ လက်လီလက်ကား​ရောင်းချ​နေသော​ စျေးဆိုင်များသို့ ကိုဗစ်-၁၉ ကာလအတွင်း စားသုံးကုန်များ​ စျေးနှုန်းမြှင့်တင်​ရောင်းချခြင်း ရှိ၊ မရှိ​ သွား​ရောက်စစ်​ဆေးဆောင်ရွက်ခဲ့ပါသည်။
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပ
Sep 01,2020
ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) နောက်ဆုံးနေ့ကို ယနေ့နံနက်(၁၀)နာရီက မော်လမြိုင်မြို့ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ အောင်မြင်စွာ ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်
Sep 01,2020
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးဌာန ၀န်ထမ်းများက ကိုဗစ်-၁၉ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြင်းထန်အဆုတ်ရောင် ကူးစက်ရောဂါ ထိန်းချုပ်ရေး ယာယီပျံကျဈေးနှင့် မြို့မစည်ပင်သာယာဈေးကြီးတွင် ဩဂုတ် ၁ ရက်နံနက် ၇ နာရီက အဆိုပါ ဈေးတို့တွင် ဆောင်ရွက်နေကြောင်းသိရသည်။
ဖျာပုံခရိုင်၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် Campaign မန်နေဂျာများအား မဲဆွယ်စည်းရုံးရာတွင် သိသင့်သည်များရှင်းလင်းပြောကြားခြင်းနှင့် အသိအမှတ်ပြု လည်ဆွဲကတ်များ ထုတ်ပေး
Sep 01,2020
၂၀၂၀ ပြည့် နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဖျာပုံခရိုင်အတွင်း ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စား လှယ်လောင်းများနှင့် Campaign မန်နေဂျာများအား မဲဆွယ်စည်းရုံးရာတွင် သိသင့်သည်များအား ရှင်းလင်းပြောကြားခြင်းနှင့် အသိအမှတ်ပြု လည်ဆွဲကတ်များ ထုတ်ပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့နံနက်(၉) နာရီအချိန်က စတင်ပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများအား ကပ်ထားကြေညာပေး
Sep 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ မြို့ပေါ်(၂၉)ရပ်ကွက် နှင့် ကျေးရွာ ၃ ရွာရှိ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ကြေညာထားရှိမှုများကို သြဂုတ် ၃၀ ရက်နေ့မှ စတင်၍ ကပ်ထား ကြေညာပေး ထားကြောင်း သိရသည်။