သတင်းများ

ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် မျိုးစေ့ထုတ်မိုးစပါး (၈၂၅) ဧက စိုက်ပျိုးပြီးစီး
Sep 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် ရွှေဘိုပေါ်ဆန်း မျိုးစေ့ထုတ် မိုးစပါး (၁၁၅၀) ဧကကို စိုက်ပျိုးလျက်ရှိရာ ဩဂုတ်လ ၃၁ ရက်နေ့ထိ (၈၂၅) ဧက စိုက်ပျိုး ပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် တိုက်နယ်ဆေးရုံဆောင်(ဓာတ်မှန်ခန်းပါ) ဆောက်လုပ်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု
Sep 01,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ လေးထောင့်ကန်(စိုက်မွေး) ရပ်ကွက်တွင်  တိုက်နယ်ဆေးရုံဆောင် (ဓါတ်မှန်ခန်းပါ) ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ယမန်နေ့ ညနေ(၁၇)နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
စေတုတ္တရာမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် ငွေဗိုက် အက်ပလီကေးရှင်း စာရင်းသွင်းပေးခြင်းများ ဆောင်ရွက်
Sep 01,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် လှုမှုဝန်ထမ်းဦးစီးဌာနမှ ငွေကြေး ထောက်ပံ့ခြင်းအစီအစဉ် ငွေဗိုက်အက်ပလီကေးရှင်း အကျိုးခံစားရသော ကိုယ်ဝန်ဆောင် မိခင်များအား စာရင်းသွင်းပေးခြင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နောင်ချိုမြို့နယ်တွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်း ထုတ်ပြန်ကြေညာ
Sep 01,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ပုံစံ (၁၀)နှင့် ပုံစံ (၁၀-က)များဖြင့် ယမန်နေ့ ညနေ (၄:၀၀)နာရီအချိန် က စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် ကြော်ငြာဘုတ်ဖြင့် ကပ်ထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်
Sep 01,2020
ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် Mask Campaign အသိပညာပေး ပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် ကျိုက်ထိုမြို့နယ် ပြည်သူ့စျေးနှင့် မီးသတ်စခန်း ရှေ့တို့၌ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
စမ်းချောင်းမြို့နယ်ရှိ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည် စာရင်းများ ကပ်ထားကြေညာ
Sep 01,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့် စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်၊
တန့်ဆည်မြို့၌ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Sep 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်တွင် အသက်(၁)နှစ်အောက် ကလေး ငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဗိုလ်မြရပ်ကွက်၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေး ဌာန၌ ပြုလုပ် လျက်ရှိသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်
Sep 01,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပညာရေးကဏ္ဍအနေဖြင့် ကျောင်းဆောင်သစ်များ ဆောက်လုပ်ခြင်း၊ ကျောင်းဆောင်များပြင်ဆင်ခြင်း၊ ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်း၊ ကျောင်းခန်းမများဆောက်လုပ်ခြင်း၊ သန့်စင်ခန်းများဆောက်လုပ်ခြင်း၊ ခြံစည်းရိုးချိန်းလင့်ကာရံခြင်း၊ ကျောင်းဝန်းအတွင်း ကွန်ကရစ်လမ်းခင်းခြင်း၊ ရေကန်များ ဆောက်လုပ်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။