သတင်းများ

သုံးခွမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းဆိုင်ရာ သင်တန်းကိုပို့ချ
Sep 01,2020
ရန်ကုန်တိုင်းဒေသကြီး၊‌ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ ဆောင်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများအတွင်း သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး Human Papilloma Virus (HPV) Vaccine ထိုးနှံပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဆိုင်ရာ သင်တန်းကို ပို့ချခဲ့‌ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးရောင်းချခြင်းမပြုရေး ကွင်းဆင်းစစ်ဆေး
Sep 01,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိ ဆေးဆိုင်များ၊ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးရောင်းချခြင်းမပြုရန်နှင့် ကုန်စည်အမှတ်တံဆိပ်အညွှန်းများအား မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွက်ကဲရေးကော်မတီဝင်များသည် ယနေ့နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ပေါက်မြို့နယ်၌ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 01,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ညနေ ၄နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပေါက်ပင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
မြင်းခြံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း
Sep 01,2020
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ မြင်းခြံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး
Sep 01,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်ရရှိစေ ရန်နှင့် မဲ စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရန်အတွက် တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက မင်္ဂလာ ဒီပရပ်ကွက်အတွင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Cash for Work (CFW) စီမံကိန်းဖြင့်ဆောင်ရွက်သော လုပ်ငန်းပြီးစီးမှုအခြေအနေအား ကွင်းဆင်း စစ်ဆေး
Sep 01,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash for Work(CFW)စီမံကိန်းဖြင့်ကျေးရွာ(၅)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ လင်းဝေးကျေးရွာအုပ်စု၊ ကျောက်တော(မ)ကျေးရွာတွင် ရွာတွင်းလမ်းပြုပြင်ခြင်း နှင့် သဲဗြုန်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူးဦးသိန်းမြတ်ထိုက်နှင့် ဝန်ထမ်းများက စက်တင်ဘာ (၁) ရက် နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးကြောင်းသိရသည်။
သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပါ်တုံ့ပြန်ရေးကော်မတီမှ (Mask) တပ်ဆင်စေခြင်းများ အရှိန်အဟုန်မြှင့်၍ နေ့စဉ်ဆောင်ရွက်
Sep 01,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမဖြစ်ပါ်စေရေးကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီက သရက်မြို့၊ မြို့မဈေးထိပ်၌ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများအား ကြပ်မတ်စစ်ဆေး၍ ပညာပေးခြင်းလုပ်ငန်းများ နှင့်  (Mask) တပ်ဆင်မလာသူများအား ချက်ချင်း တပ်ဆင်စေခြင်းများ ဆောင်ရွက်ခဲ့သည်။      
နမ့်ဆန်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားမှတ်ပုံတင်ကတ်ပြား ပေးအပ်ခြင်းပြုလုပ်
Sep 01,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ နမ့်ဆန်မြို့နယ် ဦးစီးမှူးရုံးမှ သစ္စာစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်​ရေးကတ်ပြား ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြုလုပ်သည်။