သတင်းများ

ပိုင်ကျုံမြို့ ‌ချောင်းကူးတံတား အကြီးစားပြင်ဆင်မှုလုပ်ငန်းများ‌ ရာနှုန်းပြည့်ပြီးစီး
Sep 01,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ သွားလာရေးပိုမိုအဆင်ပြေလွယ်ကူစေရန်အတွက် မြို့ချောင်းကူးတံတားကြီးအား အကြီးစားပြင်ဆင်မှုလုပ်ငန်းများကို ဇွန်လ (၂၄) ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ မြို့တွင်းလမ်းမီးနေရာများအား ခေတ်မီ(LED)မီးသီးများဖြင့် အစားထိုး လှဲလှယ် တပ်ဆင်
Sep 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင်း လမ်းမကြီးရှိ လျှပ်စစ်မီးတိုင်များ တွင်တပ် ဆင်အသုံးပြုလျှက်ရှိသော ဟောင်းနွမ်း လျက်ရှိသည့် လျှပ်စစ်မီးသီး၊ မီးချောင်း နေရာများတွင် ခေတ်မီသည့် (LED) မီးသီးများဖြင့် အစားထိုး လှဲလည် တပ်ဆင်လျက်ရှိကြောင်း သိရှိရသည်။
ဖလမ်း၌ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေေကြေးထောက်ပံ့ငွေများ ထုတ်ပေး
Sep 01,2020
မိခင်နှင့်ကေလးသူငယ်များ၏ ဘဝပထမရက်(၁၀၀၀)အတွင်း အာဟာရဆိုင်ရာ ရလဒ်များ ပိုမိုကောင်းမွန်စေရန်၊ ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအား ဖြစ်စေမည့် ဝန်ဆောင်မှုများအား မိသားစုများရရှိစေရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့မှ ထောက်ပံ့သည့် ဖလမ်းမြို့၊ ဖာရ်ထောက်ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေး သူငယ်များအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီမှစ၍ ဖာရ်ထောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထုတ်ပေးကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်တွင် မွေးစမှ (၁) နှစ်ခွဲထိ ရင်သွေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Sep 01,2020
မွေးစမှ (၁) နှစ်ခွဲထိ ရင်သွေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ လမ်း၂၀၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။
ကျောက်တံခါး မြို့နယ်​ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် လွှ​တ်တော်ကိုယ်စားလှယ်​လောင်းများ​ တွေ့ဆုံညှိနှိုင်း အစည်းအ​ဝေး ကျင်းပ
Sep 01,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်​နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲကြီး ​အောင်မြင်စွာ ကျင်းပနိုင်​ရေးအတွက် မြို့နယ်ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် လွှတ်​တော် ကိုယ်စားလှယ်​လောင်းများ​ တွေ့ဆုံ ညှိနှိုင်းအစည်းအ​ဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများသို့ ဒုတိယအကြိမ် ကျပ်(၂၀၀၀၀)ထောက်ပံ့ပေးအပ်
Sep 01,2020
ပေါက်ခေါင်းမြို့နယ် ရပ်ကွက်ကျေးရွာအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများသို့ ဒုတိယအကြိမ် (၂၀၀၀၀)ကျပ်ထောက်ပံ့ ငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီက ပေါက်ခေါင်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် သည်။
လက်ပံတန်းမြို့နယ်တွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း (၂၉)ဦး အမည်စာရင်းများအား ပြည်သူများ သိရှိနိုင်စေရန် ကပ်ထားကြေညာပေး
Sep 01,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို မြို့နယ်နှင့်ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဩဂုတ် လ၃၀ရက်နေ့မှစ၍ ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။
ပြည်မြို့နယ် ငါးရွာကျေးရွာအုပ်စု တောင်ကုန်ကျေးရွာတွင် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP)အစီအစဉ်ဖြင့် လျှပ်စစ်မီးစတင်ရရှိ
Sep 01,2020
ပြည်မြို့နယ် ငါးရွာကျေးရွာအုပ်စု တောင်ကုန်းကျေးရွာတွင် နိူင်ငံတော်အစိုးရမှ ဖော်ဆောင် လျက်ရှိသော အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP)(ကျေးလက်မီးလင်းရေး စီမံကိန်း) အစီစဉ်ဖြင့် ယမန်နေ့ကစတင်၍ လျှပ်စစ်မီးရရှိပြီဖြစ်ကြောင်း သိရသည်။