သတင်းများ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို လစဉ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်
Sep 01,2020
မွန်ပြည်နယ်မုဒုံမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအားလစဉ် ဆေးထိုး/ ဆေးတိုက်ခြင်း လုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများရှိ ကျန်းမာရေးဌာနနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့မှ ယနေ့ နံနက်(၇)နာရီခွဲမှ စတင်၍ဆေးထိုး/ဆေးတိုက်ခြင်း လုပ်ငန်း များကိုဆောင် ရွက်ခဲ့သည်။
မင်းဘူးမြို့တွင် မှုခင်းများလျော့နည်းကျဆင်းစေရေး (Show of force) လှည့်ကင်း ဆောင်ရွက်
Sep 01,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မ ရဲစခန်းအပိုင် နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ မှုခင်းများလျော့နည်းကျဆင်းစေရေးနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်စေရေးတို့အတွက် ယမန်နေ့ ည ၇ နာရီခွဲ အချိန်မှ ည ၉ နာရီခွဲအချိန်ထိ ရဲတပ်ဖွဲ့ယာဉ်တန်းများဖြင့် (Show of force) လှည့်ကင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဗန်းမောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Sep 01,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာ ကွယ် ထိန်းချုပ်ရေးအတွက် ယနေ့နံနက် ၉ နာရီက မြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်နှင့် လူအများသွားလာရာ ကားဂိတ်များတစ်လျှောက် ဖြတ်သန်းသွားလာနေသည့် ကုန်တင်ယာဉ်များ၊
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီဝင်များမှ လဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များအား ရှောင်တခင်စစ်ဆေး
Sep 01,2020
လဘက်ရည်ဆိုင်၊ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီဝင်များနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့ဝင်များသည် ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်း (၃၄) ရပ်ကွက်၊ (၃၈) ရပ်ကွက်ရှိ ဆိုင်များအားရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရ သည်။
နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးစစ်​ဆေးခြင်းလုပ်ငန်းများ အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်
Sep 01,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင် ၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိမ်းချုပ်၊ကုသရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီနှင့် မြို့နယ်အတွင်းရှိ လူမှုရေး ပရဟိတအသင်းတို့ ပူးပေါင်းပြီး မြို့အဝင်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးစောင့်ကြည့်ခြင်း လုပ်ငန်း များကို ယမန်နေ့ နံနက်ပိုင်းတွင် စတင်၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ကော့ကရိတ်မြို့တွင် ပြည်ပမှပြန်လည်ရောက်ရှိလာသော နေရပ်ပြန်ပြည်သူများကို မိမိတို့နေထိုင်ရာ ရပ်ကွက်ကျေးရွာများသို့ ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်ပေး
Sep 01,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ပြည်ပမှနေရပ်ပြန်ပြည်သူများ ပြန်လည်ဝင်ရောက်လျက်ရှိရာ သြဂုတ်လ (၃၁) ရက်​နေ့နှင့် (၃၀) ရက်​နေ့ ညနေ (၄) နာရီချိန်က ဘားအံမြို့ စောင့်ကြည့်ရေးစခန်းမှ တစ်ဆင့်နေရပ်ပြန်ပြည်သူ (၅၂) ဦး ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်းသို့ ရေဂါလန် ၄၀၀ခန့်ဆံ့သည့် ရေတိုင်ကီ လှူဒါန်း
Sep 01,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်းတွင် အသုံးပြုနိုင်ရန် အတွက် ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်း၌ ရေဂါလံ ၄၀၀ခန့်ဆံ့သည့် ရေတိုင်ကီ တစ်လုံး လှူဒါန်းခြင်း ဆောင်ရွက်ခဲ့သည်။
ညောင်တုန်းမြို့၌ မဲဆန္ဒရှင်စာရင်းစိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်
Sep 01,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲများမှ ပြန်လည်တင်ပြလာသော ပုံစံ (၃)၊ (၄)၊ (၄-ဂ) များအား လွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့် အညီ စိစစ်ရေးလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်လျက်ရှိသည်။